Html Text Formating ဆိုတဲ့ စာသားတွေရဲ့ သင်ခန်းစာ


HTML Text Formatting
သင့်ဆိုက်မှာ အသုံးပြုတဲ့စာလုံးတွေကို လိုသလို ပုံစံပြောင်းလို့ရပါတယ်၊ ဒီလိုလုပ်တာကိုတော့ Text Formatting လို့ခေါ်ပါတယ်၊ HTML မှာ Text
Formatting ရဲ့ ကဏ္ဍ ကလဲ ကျယ်ပြန့်လှပါတယ်၊ ဒီသင်ခန်းစာမှာတော့ အသုံး အများဆုံး Text Formatting တွေအကြောင်းလေ့လာသွားရပါမယ်၊


Bold Tag
စာလုံးတွေကို အထူတွေဖြစ်သွားစေချင်ရင်သုံးရတာကတော့ bold tag ဖြစ်တဲ့ အဖွင့် <b> နဲ့ အပိတ် </b> စာလုံးအကြီးဖြစ်စေလိုတဲ့
စာသားရဲ့ ရှေ့နဲ့နောက်တို့မှာရေးရပါတယ်၊ အောက်မှာဥပမာ ကြည့်ပါ၊
what path should i <b>choose</b> in my future life?
အထက်က စာကြောင်းကို Run ကြည့်ပါ၊ choose ဆိုတဲ့စာလုံးရဲ့ ရှေ့နဲ့ နောက်မှာ <b> အဖွင့်နဲ့ </b> အပိတ်တို့ကိုထည့်ထားတဲ့အတွက် အဲ့ဒီ့စာလုံး
choose က စာလုံးထူဖြစ်နေပါလိမ့်မယ်၊


Italic Tag
စာလုံးတွေကို အစောင်း စာလုံး တွေဖြစ်သွားစေချင်ရင်သုံးရတာကတော့ Italic tag ဖြစ်တဲ့ အဖွင့် <i> နဲ့ အပိတ် </i> စာလုံးတစ်စောင်း ဖြစ်စေလိုတဲ့
စာသားရဲ့ ရှေ့နဲ့နောက်တို့မှာရေးရပါတယ်၊ အောက်မှာဥပမာ ကြည့်ပါ၊
what path should i <i>choose</i> in my future life?
အထက်က စာကြောင်းကို Run ကြည့်ပါ၊ choose ဆိုတဲ့စာလုံးရဲ့ ရှေ့နဲ့ နောက်မှာ <i> အဖွင့်နဲ့ </i> အပိတ်တို့ကိုထည့်ထားတဲ့အတွက် အဲ့ဒီ့စာလုံး choose
က စာလုံးတစ်စောင်း ဖြစ်နေပါလိမ့်မယ်၊


Subscripted Tag
တစ်ချို့စာလုံးတွေကိုပုံမှန်စာကြောင်းရဲ့အောက်မှာရောက်စေချင်ရင် subscripted tag ကို သုံးရပါတယ်၊ အဖွင့်ကို <sub> အပိတ်ကို </sub>
လို့ထည့်သုံးရပါတယ်၊ အောက်မှာဥပမာကြည့်ပါ၊
what path should i <sub>choose</sub> in my future life?


Superscripted Tag
တစ်ချို့စာလုံးတွေကိုပုံမှန်စာကြောင်းရဲ့ အပေါ်မှာရောက်စေချင်ရင် superscripted tag ကို သုံးရပါတယ်၊ အဖွင့်ကို <sup> အပိတ်ကို </sup>
လို့ထည့်သုံးရပါတယ်၊ အောက်မှာဥပမာကြည့်ပါ၊
what path should i <sup>choose</sup> in my future life?
အထက်က ကုတ်ကို Run ကြည့်လိုက်ရင် choose က စာကြောင်းရဲ့  အပေါ်ဖက်ကို ရောက်နေပါလိမ့်မယ်၊


Text Formatting
အောက်မှာ အသုံးဝင်မယ့် Text formatting တွေကို ဇယားနဲ့ ရေးပေးလိုက်မယ်၊ အောက်မှာရေးထားတာတွေကို တစ်ခုစီစမ်းကြည့်ပါ၊ အပိတ်မှာ
မျဉ်းစောင်းခံဖို့တော့မမေ့နဲ့၊


 သုံးရမယ့် Tags များ အဓိပ္ပါယ်၊
 <br>   </b> စာလုံး အထူဖြစ်စေလိုရင်သုံးရန်၊ စာလုံး အထူဖြစ်စေလိုတဲ့စာသားရဲ့ ရှေ့မှာ <b> ထည့်၍ နောက်မှာ </b> ထည့်ရန်၊
 <big> </big> စာလုံး အကြီးဖြစ်စေလိုရင်သုံးရန်၊ စာလုံး အကြီးဖြစ်စေလိုတဲ့ စာသားရဲ့ ရှေ့မှာ <big> လို့ထည့်၍ နောက်မှာ </big> လို့ထည့်ရန်၊
 <em> </em> အလေးအနက်ဖြစ်စေလိုရင် သုံးရန်၊ အရေးကြီးကြောင်း အလေးအနက် ဖြစ်စေလိုတဲ့စာလုံးရဲ့ ရှေ့မှာ <em> ထည့်၍ နောက်မှာ </em> ထည့်ရန်၊
 <i> </i> စာလုံးတစ်စောင်း ဖြစ်စေလိုရင်သုံးရန်၊ စာလုံးတစ်စောင်းဖြစ်စေလိုတဲ့ စာသားရဲ့ ရှေ့ မှာ <i> ထည့်၍ နောက်မှာ </i> ထည့်ရန်၊
 <small> </small> စာလုံး အသေးဖြစ်စေလိုရင်သုံးရန်၊ စာလုံး အသေးဖြစ်စေလိုတဲ့ စာသား ရဲ့ ရှေ့မှာ <small> ထည့်၍ နောက်မှာ </small> ထည့်ရန်၊
 <strong> </strong> စာလုံး အထူဖြစ်စေလိုရင်သုံးရန်၊ စာလုံး အထူဖြစ်စေလိုတဲ့စာသားရဲ့ ရှေ့မှာ <strong> ထည့်၍ နောက်မှာ </strong> ထည့်ရန်၊
 <sub> </sub> စာလုံးတစ်လုံး (သို့) စာတစ်ကြောင်းကို သာမန်စာကြောင်းရဲ့ အောက်ကိုရောကိသွားစေချင်ရင် စာလုံးရဲ့ရှေ့မှာ <sub> ထည့်၍ နောက်မှာ </sub>ထည့်ရန်
 <sup> </sup> စာလုံးတစ်လုံး (သို့) စာတစ်ကြောင်းကို သာမန်စာကြောင်းရဲ့ အထက် ကိုရောကိသွားစေချင်ရင် စာလုံးရဲ့ရှေ့မှာ <sup> ထည့်၍ နောက်မှာ </sup>ထည့်ရန်



 72coder မှ မျှဝေသည်။
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

0 comments:

Html အကြောင်းသိကောင်းစရာများ





What is HTML

HTML ဆိုတာ ၀က်ဆိုက်စာမျက်နှာတွေကို ဖော်ပြဖို့အတွက်သုံးတဲ့ ဘာသာပါ၊ HTML ဆိုတဲ့ စကားလုံးမှာ အက္ခရာ တစ်လုံးစီမှာ အဓိပ္ပါယ်ရှိပါတယ်၊ H က
Hyper ဆိုတဲ့စာလုံးအတွက်ရပ်တည်တယ်၊ T က Text ဆိုတဲ့ စာလုံးအတွက်ရပ်တည်တယ်၊ M က Markup ဆိုတဲ့စာလုံးအတွက်ရပ်တည်တယ်၊ L က
language ဆိုတဲ့စာလုံးအတွက်ရပ်တည်တယ်၊ အားလုံးကို ပေါင်းရေးရင် အတိုကောက် ပုံစံက HTML ဖြစ်ပြီး မူရင်းပုံစံက Hyper Text Markup
Language ဖြစ်တယ်၊ HTML က Programming ဘာသာရပ်မဟုတ်ပါဘူး၊ သူက Markup ဆိုတဲ့ အမှန်အသားပြုလုပ်တဲ့ ဘာသာပါ၊ အမှတ်အသားဆိုတာ
<h> ဆိုရင်ခေါင်းစဉ်လို့သတ်မှတ်တယ်၊ <p> ဆိုရင် စာပိုက်လို့သတ်မှတ်တယ် စသဖြင့် အမှတ်အသားလုပ်တဲ့ ဘာသားဖြစ်လို့ သူ့ကို Markup Language
လို့ခေါ်ပါတယ်၊ Markup Language လို့ခေါ်တဲ့ အမှတ်အသားပြုလုပ်တဲ့ ဘာသာရပ်ကို မတူညီတဲ့ မှတ်သားမူတွေပြုလုပ်တဲ့ သင်္ကေသတွေနဲ့ ဖွဲ့ စည်းထား
တယ်၊ အဲ့ဒိ့ မတူညီတဲ့ အမှတ်အသား သင်္ကေသတွေကို Markup Tags လို့ခေါ်တယ်၊ 




Markup Tags

အဲ့ ဒီ့ Markup Tags တွေက ၀က်ဆိုက်စာမျက်နှာတွေကို ဘယ်အပိုင်းကတော့ ခေါင်းစဉ် ဘယ်အပိုင်းကတော့ စာပိုဒ် စသဖြင့်မှတ်သားပေးတယ်၊ Markup
tags တွေမှာ အထူးပြုစာလုံးတွေကိုသုံးတယ်၊ ဥပမာ head ဆိုရင် h လို့သုံးတယ်၊ paragraph ဆိုရင် p လို့သုံးတယ်၊ line break ဆိုရင် <br> လို့သုံးတယ်၊
အဲ့ဒီ့ အထူးပြုစာလုံးတွေကို angle brackets လို့ခေါ်တဲ့ အဖွင့် < အပိတ် > မြားလေးတွေနဲ့ ၀ိုင်းထားတယ်၊ Greater than သင်္ကေသတို့ Less than
သင်္ကေသတို့နဲ့တူတယ်၊ Markup Tags တိုင်းကို အဲ့ဒီ့လိုမြားလေးတွေ အဖွင့်အပိတ်နှစ်ခုကြာထဲထည့်ရတယ်၊ ဥပမာ head ဆိုရင် <h> လို့ရေးတယ်၊ 
paragraph ဆိုရင် <p> လို့ရေးတယ်၊ အဲ့ဒီ့ Markup Tags တွေက ရေးရင် တစ်စုံရေးရတယ်၊ အဖွင့် ရှိသလို အပိတ်ရှိတယ် (တစ်ချို့တော့ခြွင်းချက်ရှိတယ်)၊
အဖွင့်အပိတ်ပါအောင်ရေးမှ မှတ်လိုတဲ့အစိတ်အပိုင်းကို မှန်ကန်စွာမှတ်နိုင်မယ်၊
ဥပမာ သင်စာကြောင်းတစ်ကြောင်းကို ခေါင်းကြီးစာလုံး heading လို့သတ်မှတ်ချင်တယ်ဆိုပါစို့၊ အဲ့ဒီ့လို သတ်မှတ်ဖို့အတွက် Markup
Tags တွေထဲက ခေါင်းကြီးစာလုံးကို ကိုစားပြုတဲ့ <h1> ကိုသုံးနိုင်တယ်၊ အဖွင့်ကို <h1> လို့ရေးပြီး အပိတ်ကို </h1> လို့ရေးတယ်၊ အဖွင့်အပိတ်ကိုတော့
သင်သတ်မှတ်လိုတဲ့စာကြောင်းရဲ့ အစနဲ့ အဆုံးမှာထည့်ရတယ်၊
 ဥပမာ သင်က “I am Learning web design ဆိုတဲ့စာသားကိုခေါင်းစဉ် heading အဖြစ်သတ်မှတ်ချင်တယ်ဆိုရင် အောက်က အတိုင်း Markup tags
ရဲ့ ခေါင်းကြီးစဉ် သင်္ကေသ ဖြစ်တဲ့ <h1> နဲ့ </h1> တို့ကို  “I am learning web design” ဆိုတဲ့ သင်ခေါင်းစဉ်သတ်မှတ်လိုတဲ့ စာသားရဲ့ ရှေ့ နဲ့ နောက်မှာ
ထားရမယ်၊ အောက်မှာဥပမာကြည့်၊
<h1> I am learning web design </h1>
အထက်က ဥပမာကတော့ သင် မှတ်သားလိုတဲ့ စာကြောင်းကို Markup tag သုံးပြီးမှတ်သားရာမှာ အဖွင့်open tags နဲ့ အပိတ် close tag နှစ်ခုသုံးပြီး
မှတ်သားရတယ်ဆိုတဲ့ ဥပမာ ပါ၊ အပိတ်မှာ close tag မှာ အမြဲတမ်း ရှေ့ကိုစောင်းထားတဲ့ မျဉ်းစောင်း forward slash ကိုထည့်ရတယ်၊ HTML က
အသုံးဝင်လှပါတယ်၊ သူ့ကိုမသုံးရင် သင့်ရဲ့ဝက်ဆိုက်မှာ ဘယ်စာကြောင်းက ခေါင်းစဉ်လဲ ဘယ်စာကြောင်းက လင့်လဲ စသဖြင့် ခွဲခြား သိနိုင်တော့မှာ
မဟုတ်ပါဘူး၊ 




HTML Element

HTML မှာ HTML Elements တွေရှိပါတယ်၊ သူတို့ကို HTML Tags တွေနဲ့ ရှုပ်သွားတတ်တယ်၊ အောက်က ဥပမာကိုကြည့်ပါ၊
<h1> I am learning web design </h1>
အထက်က စာကြောင်းမှာ HTML Tags တွေကိုပြောပါဆိုရင် <h1> နဲ့ </h1> တို့ကိုပြောရပါမယ်၊ အလယ်က စာကြောင်းမပါဘူး၊ ဒါမှမဟုတ်ဘဲ HTML
Element ကိုပြောပါဆိုရင်တော့ စာကြောင်းတစ်ကြောင်းလုံး အပါအ၀င်ဖြစ်တဲ့ <h1> I am learning web design </h1> ကိုပြောရပါမယ်၊ <h1> အစ
ကနေ စာကြောင်းအပါအ၀င် </h1> အဆုံးအထိကို HTML Element တစ်ခုလို့ခေါ်ပါတယ်၊
HTML Documents are Webpages
HTML Document ဆိုတာက web page လို့ခေါ်တဲ့ ၀က်ဆိုက်စာမျက်နှာပါပဲ၊ HTML ရဲ့ အမြင်မှာတော့ web pages တွေက HTML Document တွေပဲဖြစ်ပါ
တယ်၊ ဒါကြောင့်ပဲ HTML Document တစ်ခုကို web page လို့ခေါ်နိုင်ပါတယ်၊
ကွန်ပြူတာ အင်တာနက်အသုံးပြုသူတွေသုံးနေကြတဲ့ web browser တွေဖြစ်တဲ့ Internet Explorer, Firefox, Google Chrome တို့ရဲ့ အဓိပ ရည်ရွယ်ချက်
က HTML Document တွေကို ဖတ်ပြီးဘာသာပြန်ဖို့ပါ၊ web browser တွေက သူတို့ တွေ့တဲ့ HTML Documents တွေကို သင်မြင်တွေ့နေရတဲ့ လှပ သေ
သပ်တဲ့ ၀က်ဆိုက်စာမျက်နှာလေးတွေဖြစ်အောင် ဘာသာပြန်ကြတယ်၊ တကယ်တော့ သူတို့ စတွေ့တာက Markup Tags တွေနဲ့ ဖွဲ့စည်းထားတဲ့ HTML
Document ပါ၊ HTML Documents တွေကိုပဲ လူတွေအတွက် အမြင်ရှင်းအောင် ဖတ်ရလွယ်အောင် browser တွေက ဘာသာပြန်လိုက်ကြတယ်၊ ဥပမာ
<h1> This is heading </h1> ဆိုတဲ့စာသားကိုတွေ့ရင် browser တွေက အော် ဒါက <h1> ဆိုတဲ့ Tag ကိုသုံးထားတော့ သူ့ထဲမှာရှိတဲ့စာသားတွေက
ခေါင်းစဉ်ဖြစ်မယ်၊ ဒီတော့ သူ့ကို တခြားစာလုံးတွေနဲ့ မတူတဲ့ ခေါင်းစဉ်စာလုံးပုံပြောင်းပေးလိုက်မယ် ဆိုပြီး ခေါင်းစဉ်အဖြစ်ပြောင်းပေးလိုက်တယ်၊
ဒါကိုဘာသာပြန်တယ်လို့ခေါ်တယ်၊ HTML Tags တွေကို တော့ထည့်မပြန်ဘူး၊ ဒါပေမယ့် HTML tags တွေရဲ့ မှတ်သားမူတွေအတိုင်း ဘာသာပြန်လိုက်တယ်၊
ဒီသင်ခန်းစာမှာ မိတ်ဆက်အနေနဲ့ HTML အကြောင်းကိုပဲ ရှင်းပြထားတယ်၊ နောက် သင်ခန်းစာမှာတော့ အခြခံတည်ဆောက်ပုံကိုလေ့လာမယ်၊

72 coder မှမျှဝေခြင်းဖြစ်ပါတယ်..
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်.. 

<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

0 comments:

ဘလော့မှာ Related Posts လေး အလွယ်ထည့်နည်း


Blog တွေမှာ Visitor တွေကို အဆင်ပြေစေမယ့်
Widget တွေအနက်က တစ်ခုဖြစ်တဲ့ Related Posts
ထည့်နည်းလေးကို မျှဝေပေးချင်ပါတယ် ..

Related Posts တွေမျိုးစုံရှိပါတယ် ..
Thumbnail လေးတွေနဲ့အတူ ဆက်စပ်ပို့စ်တွေကို
ဖော်ပြပေးတဲ့ Widget မျိုးလေးတွေရှိသလို ရိုးရိုးရှင်းရှင်းနဲ့
ပို့်စ်ခေါင်းစဉ်လေးတွေကိုပဲ ဖော်ပြပေးတဲ့ Widget လေးတွေပေါ့
ကျွန်တော်ကတော့ ကွန်နက်ရှင်လုံးဝမကောင်းတဲ့ အရပ်ဒေသမှာ နေတဲ့လူဖြစ်လို့
အတတ်နိုင်ဆုံး ဘလော့ရဲ့ Loading Time ကို လျှော့ချချင်တာဖြစ်တဲ့အတွက်
ပုံလင့်တွေချိတ်နေချိန်လေးသက်သာအောင် ရိုးရိုးတန်းတန်းပဲ ပို့စ်ခေါင်းစဉ်လေးတွေကိုပဲ
ဖော်ပြပေးတဲ့ Related Posts Widget ကို သဘောကျပါတယ် ..


ကဲ .. အခု ကျွန်တော့်ဘလော့မှာ သုံးထားတဲ့ Related Posts လေး ထည့်သွင်းပုံကို
မျှဝေပေးပါ့မယ် ..
အရင်ဆုံး Blogger မှာ Login ၀င်လိုက်ပြီပေါ့ ..
Template ကိုသွားပါ ..
HTML ကို ပြင်ရမှာမို့ အမှားအယွင်းတစ်စုံတစ်ရာအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့
ညာဖက်အပေါ်ဒေါင့်နားလေးက Backup/Restore template ကို နှိပ်ပြီး ပွင့်လာတဲ့ထဲက
Download Full template ကိုနှိပ်ပြီး ကိုယ့်ရဲ့ Template ကို ဒေါင်းယူထားလိုက်ပါဦး ..
ပြီးရင် Edit HTML ကိုနှိပ်ပါ ..

ပြီးရင် </head> ဆိုတာကို ရှာပါ ..
အလွယ်တကူရှာချင်ရင် HTML ကုဒ်တွေရဲ့ အပေါ်ဆုံးစာကြောင်းမှာ ကလစ်တစ်ချက်နှိပ်ပြီး
Ctrl ကီးနဲ့ F ကီးကို တွဲနှိပ်လိုက်ရင် ညာဖက်အပေါ်ဒေါင့်နားမှာ Search box လေးပေါ်လာပါမယ်
အဲဒီထဲမှာ ကိုရှာချင်တာကို ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ .. ကိုယ်ရှာတဲ့ စာလုံးကို အရောင်လေးခြယ်ပြီး ပြန်လာပါလိမ့်မယ် ..
</head>ကိုတွေ့ပြီဆိုရင်တော့ သူရဲ့ အပေါ်မှာ ( အပေါ်မှာ နေရာလွတ်မရှိရင်လည်း
</head> ရဲ့ရှေ့မှာ ကလစ်တစ်ချက်နှိပ်ပြီး Enter နှိပ်လိုက်ရင် </head> က အောက်တစ်ကြောင်းဆင်းသွားတာမို့ အပေါ်မှာ နေရာလွတ်ဖြစ်သွားပါမယ် ..
ကဲ .. ရပြီဆိုရင် </head> ရဲ့အပေါ်မှာ အောက်ကကုဒ်တွေကို ကော်ပီကူးပြီး ထည့်ပေးလိုက်ပါ ..



 <!--RelatedPostsStarts--><style>
#related-posts {
float : left;
width : 540px;
margin-top:20px;
margin-left : 5px;
margin-bottom:20px;
font : 11px Verdana;

}
#related-posts .widget {
list-style-type : none;
margin : 5px 0 5px 0;
padding : 0;
}
#related-posts .widget h2, #related-posts h2 {
color : #940f04;
font-size : 20px;
font-weight : normal;
margin : 5px 7px 0;
padding : 0 0 5px;
}
#related-posts a {
color : #7AA1C3;
font-size : 11px;
text-decoration : none;
}
#related-posts a:hover {
color : #F49F04;
text-decoration : underline;
}
#related-posts ul {
border : medium none;
margin : 10px;
padding : 0;
}
#related-posts ul li {
display : block;
background : url(&quot;https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj199oVQYKUfwx4Js-SeVttiauGK0MefP6YNh785h5W0ZQPMSXndi2xSUVqdnss6xr3YNPx-ZIzmsnOvzh43buwadRih4NqEHzSSjhxJt9bSLLZtchOa-V6szqAstVWN6k2SFjAy7LgIxA/s400/related-post.png&quot;) no-repeat 0 0;
padding-top : 0;
padding-right : 0;
padding-bottom : 2px;
padding-left : 20px;
margin-bottom : 5px;
line-height : 2em;
border-bottom:1px dotted #cccccc;
}

</style>
<script language='JavaScript'>//<![CDATA[
var relatedTitles = new Array();
var relatedTitlesNum = 0;
var relatedUrls = new Array();
function related_results_labels(json) {
for (var i = 0; i < json.feed.entry.length; i++) {
var entry = json.feed.entry[i];
relatedTitles[relatedTitlesNum] = entry.title.$t;
for (var k = 0; k < entry.link.length; k++) {
if (entry.link[k].rel == 'alternate') {
relatedUrls[relatedTitlesNum] = entry.link[k].href;
relatedTitlesNum++;
break;
}
}
}
}
function removeRelatedDuplicates() {
var tmp = new Array(0);
var tmp2 = new Array(0);
for(var i = 0; i < relatedUrls.length; i++) {
if(!contains(tmp, relatedUrls[i])) {
tmp.length += 1;
tmp[tmp.length - 1] = relatedUrls[i];
tmp2.length += 1;
tmp2[tmp2.length - 1] = relatedTitles[i];
}
}
relatedTitles = tmp2;
relatedUrls = tmp;
}
function contains(a, e) {
for(var j = 0; j < a.length; j++) if (a[j]==e) return true;
return false;
}
function printRelatedLabels() {
var r = Math.floor((relatedTitles.length - 1) * Math.random());
var i = 0;
document.write('<ul>');
while (i < relatedTitles.length && i < 20) {
document.write('<li><a href="' + relatedUrls[r] + '">' + relatedTitles[r] + '</a></li>');
if (r < relatedTitles.length - 1) {
r++;
} else {
r = 0;
}
i++;
}
document.write('</ul>');
}
//]]>
</script><!--RelatedPostsStops-->

ပြီးရင် <div class='post-footer-line post-footer-line-3' /> ဆိုတာကို ထပ်ရှာပါ ..
( Search Box မှာ တစ်ခါတစ်ခါ ကုဒ်အားလုံးထည့်ရှာလို့မရရင် တစ်လုံးချင်း လျှော့လျှော့သွားပြီး လိုက်ရှာပါ )
တွေ့ပြီဆိုရင် သူရဲ့အောက်ကိုတစ်ကြောင်းချင်း ဆင်းကြည့်ပါ
</div>
</div>
အဲဒီလိုဆုံးနေတဲ့နေရာရဲ့ အောက်တစ်ကြောင်းမှာ အောက်ကကုဒ်တွေကို ကော်ပီကူးထည့်ပေးလိုက်ပါ ..



<!--RELATED-WIDGET-STARTS-->

<b:if cond='data:blog.pageType == &quot;item&quot;'>
<div id='related-posts'>

<font color='#7AA1C3' face='Arial' size='3'><b>Related Posts: </b></font><font color='#ffffff'><b:loop values='data:post.labels' var='label'><data:label.name/><b:if cond='data:label.isLast != &quot;true&quot;'>,</b:if><b:if cond='data:blog.pageType == &quot;item&quot;'>

<script expr:src='&quot;/feeds/posts/default/-/&quot; + data:label.name + &quot;?alt=json-in-script&amp;callback=related_results_labels&amp;max-results=4&quot;' type='text/javascript'/></b:if></b:loop> </font>

<script type='text/javascript'> removeRelatedDuplicates(); printRelatedLabels();

</script>
</div></b:if>
<!--RELATED-WIDGET-STOPS-->


ကုဒ်တွေထဲက ကျွန်တော် အနီရောင်နဲ့ခြယ်ထားတဲ့ 4 ဆိုတာလေးက Related Posts စုစုပေါင်း ဘယ်လောက်ပြရမယ်လို့ သတ်မှတ်ထားတာပါ ..အတိုးအလျှော့ကို ပြုပြင်ပေးလို့ရပါသေးတယ်
ကော်ပီကူးထည့်ပေးလိုက်တဲ့ကုဒ်တွေရဲ့အောက်မှာ </b:includable> ဆိုတာလေးကိုတွေ့ရင် ကုဒ်ထည့်တာမှန်ပါတယ် (အောက်ကပုံမှာ ကြည့်ပါ)

ကုဒ်တစ်ချို့အနီရောင်ပြောင်းသွားရင်တော့ ကုဒ်ထည့်တဲ့နေရာ မှားပါတယ် ..
ကုဒ်ထည့်တာမမှန်ရင် အပေါ်နားလေးက Preview Template ကို နှိပ်ကြည့်လိုက်လို့ ဘလော့ပွင့်လာနိုင်တယ်ဆိုရင် ကုဒ်ထည့်တာမှန်ပါတယ် .. ကုဒ်ထည့်တာမှားရင်တော့ Error ဖြစ်တဲ့နေရာကို ပြပါလိ့မယ်
အဲဒီအခါ ဘာမှမလုပ်တတ်ရင် ဘယ်ဖက်အပေါ်ဒေါင့်နားလေးက Back ကိုနှိပ်လိုက်ပါ .. Save မလုပ်ရသေးကြောင်း Box တက်လာရင် Ok ကိုနှိပ်ပေးလိုက်ပါ
ဒါဆိုရင် Template ဟာ အရင်အတိုင်း ပြန်ဖြစ်သွားမှာပါ .. ပြီးမှ အစကနေ ပြန်ဝင်ပေါ့ ..

ကဲ .. အားလုံးအဆင်ပြေပြေနဲ့ ပြီးသွားပြီဆိုရင်တော့ Save Template ကို နှိပ်ပေးလိုက်ရုံပေါ့ ..
ပြီးသွားရင်တော့ View Blog ကနေ ကိုယ့်ဘလော့ကို ၀င်ပြီး Post တစ်ခုကိုနှိပ်ကြည့်လိုက်ပေါ့ ..
အဲဒီပို့စ်ရဲကအောက်မှာ Related Posts လေးတွေ ပေါ်နေတာကို တွေ့နိုင်ပါပြီ
အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။

www.aungsanmks.com 
www.ledimye.blogspot.com 
www.ninilayy.blogspot.com

0 comments:

Website & Accounts Hacking With Dork ( EBook - မြန်မာလို )


Dork ဆိုတဲ့ သဘောတရားလေးကို နည်းနည်းလောက်ပြောပြပါမယ်.. အခု Website  တွေ Accounts တွေ
ကို Hack လုပ်တယ်ဆိုတာ များသောအားဖြင့် Dork တွေနဲ့ လုပ်ကြတာများပါတယ်.. Dork ဆိုတာ
Hacking ရဲ့အခြေခံသဘောတရားဖြစ်သလို အမြင့်ပိုင်းတွေအထိ အခုထိ သုံးနေရတဲ့ နည်းလမ်းလဲ ဖြစ်
ပါတယ်..ဥပမာ ကျနော်တို့ ကုလား Website တွေကိုဖျက်တယ်ဆိုရင်.. ကုလားတွေရဲ့ Website တွေကို
တစ်စုတစ်စည်းထဲ အားနည်းချက်ကိုရရှိဖို့ Dork တွေကိုသုံးကြပါတယ်..အားနည်းတဲ့ကုလားဆိုက်ကတော့
မြန်မာ Hacker တွေရဲ့ သမတာကိုခံရတော့တာပါဘဲ :-) Hacking လောကမှာတော့ Dork သုံးတာကို
Dork တက်ရမ်းတယ်.. Dork တက်ရမ်းတယ်လို့ပြောကြပါတယ်..ကဲ..အခု Dork နဲ့ တက်ရမ်းပုံစာအုပ်လေး
ကျနော့်ညီငယ်လေး မင်းစိုးရာဇာက ပေးပို့လိုက်တဲ့အတွက် Hacking လေ့လာနေသူ ညီအစ်ကိုများအ
တွက် တင်ပေးလိုက်ပါပြီခင်မျာ

Download=> Link 1 / Link 2
www.mmithelper.com (Myanmar IT Helper / Full Version

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

0 comments:

မိမိကွန်ပျူတာမှာ APK ဖိုင်တွေရဲ့ icon ကိုမြင်ရစေဖို့


ယနေ့ခေတ်က Android ခေတ်လို့ပြောရင် မှားမလားမသိ
မမှားဘူးထင်တယ် ဘာကြောင့်လဲဆိုတော့ Android ဖုန်းတွေကို ကလေးကအစ
ကိုင်လာကြတယ် ဖုန်းကိုင်သူတိုင်းကလည်း  သိကြတယ် ဒီလိုဆိုတော့
Android နဲ့ မြန်မာပြည်မှာ စီးပွားအတော်ဖြစ်လာကြတယ်
ထားလိုက်ပါတော့ အခုတင်ပေးချင်တာက APK ဆိုတဲ့ Android software
iconတွေကို ကွန်ပျူတာမှာ မမြင်ရပါဘူး အခုဆော့ဝဲလေးကိုကွန်ပျူတာမှာ
သွင်းလိုက်ရင် မြင်ရပီဗျာ ...

အရင်ဆုံး ဒီဆောဝဲလေးကို ဒေါင်းလိုက်ပါ 
ဖိုင်ဆိုဒ်က- 7.96MB
နာမည်က muzhiwan ပါ

ဒေါင်းပြီးရင် install လုပ်လိုက်ရုံနဲ့ မိမိကွန်ပျူတာမှာ APK file ရဲ့ icon လေးတွေ ပေါ်သွားမှာပါ

စာလုံးတွေက ကုဒ်ပုံစံတွေဖြစ်နေတော့ install မလုပ်တတ်မှာစိုးလို့
ကျွန်တော် install လုပ်နည်းပါ ပုံလေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်

ကျွန်တော်တင်ပေးလိုက်တဲ့ ဖိုင်ကို password ခံထားပါတယ် 
password က www.aungkyaw.com လို့ထည့်ပေးလိုက်ပါ အဲဒီ RAR ဖိုင်လေးကို ဖြည်လိုက်ပါ
.exe ဖိုင်လေးရလာလိမ့်မယ် အဲဒီဖိုင်လေးကို နှစ်ချက်နှိပ်လိုက်ရင် အောက်ကပုံလေးလို
ပေါ်လာလိမ့်မယ် အဲဒီအခါ ကျွန်တော် အနီနဲ့ဝိုင်းပြထားတဲ့ button လေးကို
နှိပ်လိုက်ပါ (ဒါမှမဟုတ် keyboard က N ကိုနှိပ်လိုက်ပါ)

 

ပြီးရင် အလယ်က button ကိုနှိပ်ပါ

 
ပြီးရင် Yes ဆိုတာကိုနှိပ်လိုက်

 

အနီနဲ့ဝိုင်းပြထားတဲ့ အမှတ်ခြစ်လေးကို ဖြုတ်ပေးရပါမယ်   
ပြီးတော့ အောက်မှာ အလယ်က button လေးကို နှိပ်လိုက်ပါ ဒါဆိုရင် ပြီးပြီ

 
သယ်ချင်းတို့ရဲ့ APK file တွေကို မြင်ရပါပြီ

အောင်ကျော်ခိုင်-ပုသိမ်
www.aungkyaw.com

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com www.ledimyethar.com www.ninilayy.com

0 comments:

Blog တစ်ခုအတွင်း ဘောင်ခပ်ခြင်းအထွေထွေ


ဘလော့ Template တစ်ခုလုံးကိုပဲဖြစ်ဖြစ် ဘလော့ Template ထဲက Widget တစ်ခုချင်းစီကိုပဲဖြစ်ဖြစ်
ကိုယ်နှစ်သက်သလို ဘောင်ခပ်တဲ့ နည်းပညာလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ..
အရင်ဆုံး Template ကြီး တစ်ခုလုံးကို ဘောင်ခပ်တဲ့နည်းကို မျှဝေပေးပါ့မယ်
ဒီနည်းရဲ့ နမူနာ ( Demo ) ကို ကြည့်ချင်တယ်ဆိုရင်တော့ ကျွန်တော်အခုသုံးထားတဲ့ Template ကြီးတစ်ခုလုံးရဲ့ ဘေးပတ်ပတ်လည်မှာခပ်ထားတဲ့ ဘောင်ကိုသာ ကြည့်လိုက်ကြပါလို့ ..


ကဲ .. အရင်ဆုံး Blogger ကို Lon in ၀င်လိုက်ပါ ..
ပြီးရင် Template က နေ Edit HTML ကို ၀င်ပါ
HTML ကုဒ်တွေထဲက ]]></b:skin>  ကို လိုက်ရှာပါ ...
တွေ့ပြီဆိုရင် အဲဒီ ]]></b:skin> ရဲ့ အပေါ်မှာ အောက်ကကုဒ်တွေကို ကော်ပီကူးပြီး ထည့်ပေးလိုက်ပါ


#mblwrap {
      background: #Ffffff;
      width: 960px;
      margin: 10px auto 5px auto;
      padding: 0;
      position: relative;
      border-right: 15px solid #333;
      border-left: 15px solid #333;
      border-top: 10px solid #333;
      border-bottom: 15px solid #333;
      -moz-border-radius:10px;
      -webkit-border-radius:10px;
      border-radius:10px;
      box-shadow: #333 0px 1px 3px;
    }



အဲဒီကုဒ်တွေထဲက ကျွန်တော် အနီရောင်နဲ့ ပြထားတဲ့နေရာမှာ ကိုယ်နှစ်သက်တဲ့ အရောင်ကုဒ်ကို ပြောင်းလဲပေးနိုင်သလို Border ရဲ့ အထူအပါးကိုလည်း 15px, 15px, 10px စတဲ့နေရာတွေမှာ လိုက်ပြီး ချိန်ညှိပေးနိုင်ပါသေးတယ်

ပြီးရင် <body> ကို ထပ်ရှာပါ ..
တွေ့ပြီဆိုရင် အဲဒီ <body> ရဲ့ အောက်မှာ


<div id='mblwrap'>  

အဲဒီကုဒ်ကို ကူးထည့်လိုက်ပါ

ပြီးရင် </body> ကို ထပ်ရှာပါ ..
တွေ့ပြီဆိုရင် အဲဒီ </body> ရဲ့ အပေါ်မှာ</div> ဆိုတဲ့ကုဒ်ကို ထည့်ပေးလိုက်ပါ
အပေါ်မှာထည့်တာ အောက်မှာထည့်တာတွေကို သေချာ ဂရုစိုက်ပေးစေချင်ပါတယ်
Preview Template ကနေ ဘလော့ကို ကြည့်လို့ အဆင်ပြေသွားပြီဆိုရင်တော့
Save Template ကို နှိပ်လိုက်ရုံပါပဲ ...
ဒါဆိုရင်တော့ Template ကြီးတစ်ခုလုံးကို ဘောင်ခပ်လို့ ပြီးသွားပါပြီ ..

နောက်တစ်နည်းကတော့ Template ထဲမှာ ရှိတဲ့ Widget တစ်ခုချင်းစီကို ဘောင်ခပ်မယ်ပေါ့
အရင်ဆုံး ကိုယ်ဘောင်ခပ်ချင်တဲ့ Widget ID ကို သိအောင်လုပ်ထားပါ ..
ဥပမာ .. Post ရဲ့ Widget ID ကို သိချင်တယ်ပေါ့ .. Layout ကနေ အဲဒီ Post ရဲ့ ညာဖက်အောက်ဒေါင့်က Edit ကိုနှိပ်လိုက်ရင် ပွင့်လာတဲ့ ၀င်းဒိုးအသေးလေးရဲက Address bar ထဲမှာ Widget ID ကို ရှာလို့ရပါတယ် .. Template ထဲမှာ ရှာတတ်ရင်လည်း ရပါတယ် ..
များသောအားဖြင့်တော့ Post ရဲ့ Widget ID က Blog1 ဖြစ်နေလေ့ရှိပါတယ် ..
ကဲ .. အဲဒီ Post တွေကို ဘောင်ခပ်တော့မယ်ပေါ့ဗျာ ..
Template က နေ Edit HTML ကို သွားလိုက်မယ်ပေါ့

HTML ကုဒ်တွေထဲက ]]></b:skin> ကို လိုက်ရှာပါ ..
တွေ့ပြီဆိုရင် သူ့ရဲ့ အပေါ်မှာ အောက်ကကုဒ်တွေကို ကော်ပီကူးပြီး ထည့်ပေးလိုက်ပါ



#YourWidgetID {
padding: 5px;
border: 1px solid #ff0000;
}


ကုဒ်တွေထဲက #ff0000 ကတော့ ကိုယ် ဘောင်အဖြစ်ခပ်မယ့် အရောင်ပေါ့ .. 
ကုဒ်တွေထဲမှာ အနီရောင်နဲ့ပြထားတဲ့ YourWidgetID ဆိုတဲ့နေရာမှာ ကိုယ် ဘောင်ခပ်ချင်တဲ့ Widget ရဲ့ ID ကို ထည့်ပေးရမှာပါ
ဥပမာ .. ကျွန်တော်က Post တွေကို ဘောင်ခပ်ချင်တယ်ဆိုပါတော့ Post ရဲ့ ID က Blog1 ဆိုပါတော့
ကုဒ်က ဒီလိုဖြစ်သွားမယ်

#Blog1 {
padding: 5px;
border: 1px solid #ff0000;
}

ပြီးရင်တော့ Save Template ပေါ့ ...
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။

www.aungsanmks.com 
www.ledimye.blogspot.com 
www.ninilayy.blogspot.com

0 comments:

ကိုယ်တိုင်ရေး ပိုစ့်များအား Copy ကူးယူသူများ ခရက်ဒစ်ပေးစရာ မလိုအောင် လုပ်နည်း



ဒီပိုစ့်လေးကတော့ အသစ်အသစ်သော Blogger လေးတွေ အတွက်ပါပဲ ကျွန်တော် တွေ့မြင်ရသလောက် အများစုဟာ ကိုယ်တိုင်ရေးထားတဲ့ Post တစ်ခုကို အရမ်း ခင်တွယ်တတ်ကြပါတယ် ငါလေ့လာထားရတာ ငါအချိန်ကုန်ခံထားရတာ ငါပင်ပန်းထားတာ စသဖြင့်ပေါ့ဗျာ ကိုယ်တိုင်ရေး ပိုစ့်တွေနဲ့ ပက်သက်ပြီး ခံစားမှု အရမ်းပြင်းထန်ကြတာ မြင်မိပါတယ် ဒါကလဲ ငါဆိုတဲ့ အတ္တ စိတ်တွေ မကင်းသမျှတော့ ရှိနေမှာပါပဲ အပြစ်ဆိုသာတဲ့ အကြောင်းအရင်း မဟုတ်ပါဘူး ဒီလိုခံစားမှု ပြင်းထန်သူတွေဟာ ဒီလို Copyright ပြသနာတွေ ကိုယ်တိုင် ရင်ဆိုင်ရတဲ့ အခါ မခံမရပ်နိုင် ပေါက်ကွဲတတ် ကြတာလဲ တွေ့ရပါတယ် Facebook မှာဆို ပိုဆိုးပါတယ် ရန်တောင်ဖြစ်လိုက်ကြသေး တွေ့ရတာ ပြောတာပါ ဘယ်သူ့ကို မှ မရည်ရွယ်ပါဘူး လက်ရှိ တင်ပြနေတာနဲ့ အကြောင်းတိုက်ဆိုင်လို့ ထည့်ပြောပေးတာပါ ကျွန်တော်ကိုယ်တိုင်လဲ အရင်တုန်းက သူများဆီက ကော်ပီ ယူတင်မိလို့ ပြသနာ ရှာတာ ခံရဖူးပါတယ် ဒါတွေကပြီးခဲ့ပါပြီ ဘယ်သူမပြုမိမိမှုပါပဲ ကိုယ်က သူများဟာ သွားမယူရင် ဘာပြသနာ ဖြစ်လာစရာ အကြောင်းမရှိပါဘူး ယူလို့ဖြစ်ရတာ ကျွန်တော် အပြစ်ပါ အခု တင်ပေးတာက အဲလို ပြသနာ တွေကို အနည်းအကျဉ်းလောက် မဆိုစလောက်လေး ဖြစ်ဖြစ် ကာကွယ်နိုင်တဲ့ နည်းလေးကို လေ့လာဆဲ တက်သစ်စ Blogger ညီအစ်ကို မောင်နှမ အားလုံးကို ဖြန့်ဝေပေးတဲ့ သဘောပါပဲ ကျွန်တော်ဆိုဒ်မှာတော့ ဒီပိုစ့်မှာ တင်ပြထားတဲ့ ကုဒ်တွေ မထည့်ပါဘူး မထည့်ရတဲ့ အကြောင်းကတော့ ကျွန်တော် ကိုယ်တိုင်က မသိသေးတဲ့ သိတော့သိတယ် မတတ်သေးတဲ့ စာဖတ်သူများအားလုံး တတ်ပါစေ ရပါစေ ဆိုတဲ့ စိတ်တစ်ခု ရယ် ကိုယ်တိုင်လဲ စာရေးနေရရင် ပျော်နေတတ်တာမို့ သိထားတာလေးတွေကို ရှယ်ပေးနေလို့ပါ ဒါကြောင့် ကျွန်တော်ဆိုဒ်မှာ ဘယ်သူ မဆို ကျွန်တော်ဆိုဒ်က ပိုစ့်ကို ယူလိုရင် စိတ်ကြိုက် ကော်ပီ လုပ်သွား တတ်နိုင်ရင် ဆိုဒ်တစ်ခုလုံးပါ ကော်ပီလုပ်ထား လိုက်ရင် ကျွန်တော်ပို ပျော်မိမှာပါ စိတ်ချမ်းသာရမှာ ဒါအမှန်ပါပဲ အကြောင်းကတော့ ကျွန်တော်ဆိုဒ်မှာ လာကြည့်သူ တစ်နေ့ လူနှစ်ရာ ရှိတယ်ဆိုပါစို့ ဒီလူနှစ်ရာလောက်ပဲ သိမှ ဒါတောင် သိပြီးသားသူက ပါနေဦးမှာ ကျွန်တော် ရေးတင်တာ ကို ကော်ပီလုပ်သွားပြီး အခြား ဆိုဒ်တစ်ခုမှာ ပြန်တင်လိုက်လို့ ရှိရင် အဲဒီဆိုဒ်မှာ လာကြည့်သူနဲ့ ဆိုရင် ပိုပြန့်နှံ့လာပါပြီ ဒါက ကျွန်တော် ဖြစ်စေချင်တဲ့ ပစ်မှတ်ပါပဲ များများ ကော်ပီလုပ် များများ ရှယ်ကြပါ မသိသေးတဲ့ သူတွေ များများသိလေ ပိုကောင်းလေပဲပေါ့ ငါဘယ်သူဆိုတာထက် ငါ ဘာလုပ်ပေးနိုင်ခဲ့သလဲဆိုတာက ပိုအရေးကြီးတယ် မဟုတ်လား ဒါကြောင့် ကျွန်တော်ဆိုဒ်ကနေ ကော်ပီ လုပ်လိုပါက စိတ်ကြိုက် လုပ်ပြီး ပြန်ရှယ်ကြပါ ခွင့်တောင်းစရာ ခရက်ဒစ်ပေးစရာ မလိုပါဘူး လို့ အရင်တုန်းကဆို ဆိုဒ် Main Page မှာ တင်ထားပေးပါတယ် နောက်တော့ နဲနဲကြာလာတော့ သိလောက်ပြီ ယူဆပြီး ဖြုတ်လိုက်တာပါ ခုလည်း ညီငယ်လေးတစ်ယောက် ခွင့်တောင်းလာလို့ ဒီအကြောင်းရေးဖြစ်တာပါပဲ အခု ကိုယ်တိုင်ရေး ပိုစ့်တွေနဲ့ ပက်သက်ပြီး ခံစားမှု ပြင်းကြတာ ကို မြင်လာရတော့ ကျွန်တော် ၂၀၀၉ လောက်က ရေးခဲ့ ဖူးတဲ့ မူပိုင်ခွင့်တွေနဲ့ ပက်သက်လို့ အွန်လိုင်း စာပေစီစစ်ရေး အဖွဲ့အစည်းတစ်ခု ရှိဖို့လိုပြီ ဆိုတဲ့ ပိုစ့်လေးကို သတိရမိပါတယ် အဲတုန်းက နာမည်ကြီးတဲ့ ဆိုရှယ်နက်ဝ ဆိုဒ်တွေလဲ နိုင်ဆိုဒ်တွေနဲ့ အတူ ဒေါင်းသွားကြပြီဆိုတော့ စာမူ သိမ်းမထားမိတဲ့ အတွက် နောင်တရမိသလိုလိုပဲ ဘာဖြစ်ဖြစ်ပေါ့လေ အခုပြောနေတာလဲ တောရောက်တောင်ရောက် ဖြစ်နေပြီ တင်ပြထားတဲ့ ပိုစ်အတွက် ပြန်ဆက်လိုက်ရအောင်


အကောင်းမြင်ဝါဒ အနေနဲ့ ပြောရရင် ဒီကုဒ်တွေ ကိုယ့်ဆိုဒ်မှာ ထည့်ထားလို့ ရှိရင် တစ်ဦးတစ်ယောက်က Copy ကူးလိုက် မူရင်းဆိုဒ်ရဲ့ လင့်နဲ့ စာရေးသူသိစေချင်တဲ့ နာမည် တစ်ခုဟာ Auto ပါသွားမှာမို့ Copy လုပ်သူဟာ ပိုစ့် ပြန်တင်တဲ့အခါ မူလစာရေးသူ အတွက် သီးခြား ခရက်ဒစ်ပေးစရာ မလိုတော့ပါဘူး မေ့လဲ မမေ့ကျန်နိုင်တော့ပါဘူး ကော်ပီသမားအတွက် အချိန်ကုန် သက်သာစေပါတယ် ကိုယ်ဆိုဒ်မှာ ဒီကုဒ်ထည့်ထားလို့ ကော်ပီလာကူးသူက ပိုစ့်ပြန်တင်တဲ့ အခါ Auto ပါလာတဲ့ Link ကို တမင်တကာ ဖျက်ပြီး ပြန်တင်ရင်တော့ တင်လို့ရတာပေါ့လေ ဒါပေမယ့် လူတိုင်းမှာ သူ့အဆင့်အတန်းနဲ့ သူရှိပါတယ် ဒါကို ကိုယ်တိုင် ပဲ လုပ်ယူလို့ရတာပါ ဒီလို ဖျက်ပြီး ပြန်တင်တယ်ဆိုရင် သူက ဒီလောက်လေးပဲ ဆိုတာ သူ့ဟာသူ အများကို ပြထားတာနဲ့တူပါတယ် မူရင်းပိုစ့်ဘယ်သူရေးတာလဲဆိုတာ စစ်တာက ဘာမှ ခက်တာမှ မဟုတ်ဘဲ ပိုစ့်နှစ်ခုဟာ ထပ်တူ ကျနေပြီဆိုရင် ပိုစ့်တင်ထားတဲ့ အချိန်တွေကို ကြည့်လိုက်တာနဲ့ ဘယ်သူက မူရင်းပါလို့ သိနိုင်တာပဲလေ ဒါကိုအရေးတယူ ဒေါသထွက်နေမယ်ဆိုရင် ကိုယ်ပဲ ပင်ပန်းမှာပေါ့ ဒါကြောင့် စိတ်ခံစားမှု ဖီလင်လေးရှိလာခဲ့ရင်တောင် ခွင့်လွတ်နားလည်ပေးလိုက်ပါ လို့ပဲ အကြံပြုပါရစေ အောက်မှာ Blogger မှာ ထည့်နည်းလေး ကြည့်လိုက်ရအောင်


1. Blogger  မှာ Log in ၀င်ပါ

2. ဒီအတိုင်း သွားပါ Design > Edit HTML.
3. အောက်က ပြထားတဲ့ ကုဒ်တွေကို Copy ယူပြီး  </head> အပေါ်မှာ (မတိုင်ခင်) Past ချပေးပါ


<script type='text/javascript'>
function addLink() {
    var body_element = document.getElementsByTagName('body')[0];
    var selection;
    selection = window.getSelection();
    var pagelink = "<br/><br/> Original from: <a href='"+document.location.href+"'>"+document.location.href+"</a><br/>မူလစာရေးသူ -->>အာကာဖြိုး (နည်းပညာ)"; // change this if you want
    var copytext = selection + pagelink;
    var newdiv = document.createElement('div');
    newdiv.style.position='absolute';
    newdiv.style.left='-99999px';
    body_element.appendChild(newdiv);
    newdiv.innerHTML = copytext;
    selection.selectAllChildren(newdiv);
    window.setTimeout(function() {
        body_element.removeChild(newdiv);
    },0);
}document.oncopy = addLink;
</script>
 

မူလစာရေးသူ -->>အာကာဖြိုး (နည်းပညာ) ဆိုတာလေးကို သင်ထည့်ချင်တဲ့ စာသား ပြောင်းထည့်နိုင်ပါတယ်  

နောက် Save လုပ်လိုက်ပါ ဒါဆိုရင် သင်လုပ်ဆောင်တာ အဆင်ပြေမပြေ သင့်ဆိုဒ်ကို ခေါ်ပြီး ကော်ပီ ကူးကြည့်လိုက်ပါ 

အဆင်ပြေပြေနဲ့ ပျော်နိုင်ပါစေ
အာကာဖြိုး (နည်းပညာ)

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

0 comments:

Mobile တွင် Post တစ်ခုတင်နည်း (Blogger only)


မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ နည်းလမ်းတွေအများကြီးရှိပါတယ်။ ခု Android ဖုန်းတွေခေတ်စားလာပြီ။ iOS လည်းခေတ်စားလာပါပြီ။ နည်းတွေအကုန်ပြောပြထားမယ်ဗျာ။ နည်းအဟောင်းတွေလည်းတင်ထားပါဦးမယ်။ Mobile နဲ့ အင်တာနက်ရှိတာနဲ့ Blogger လေးနဲ့ပိုစ့်တွေ
 ပဲဖြစ်ဖြစ် သတင်းပဲဖြစ်ဖြစ် တင်လို့ရနေပါပြီ။



MMS မက်ဆေ့ပဲဖြစ်ဖြစ် go@blogger.com ကို REGISTER လို့ရေးပြီးပို့လိုက်ပါ။ Capital စာလုံးအကြီးဖြင့်သာ ရိုက်ရပါမယ်ဗျာ။
Blogger က သင့်ကို Claim code နဲ့ mobile blogger address ပါပို့လိမ့်မယ်။
http://www.blogger.com/mobile-start.g ကိုဝင်ပြီး သင့်ကို Blogger မှပို့လိုက်သော Claim code ကို Claim token ပေါ်တွင်ဖြည့်ပါ။ အဆင်ပြေပါပြီ။
မချိတ်စေချင်ရင် MMS ပေါ်မှာ UNREGISTER လို့ရိုက်ထည့်ပြီးပို့လိုက်ပါ။ Capital စာလုံးအကြီးဖြင့်သာ ရိုက်ရပါမယ်ဗျာ။ ဒါဆိုရင်ပြုတ်သွားပါပြီ၊ ရာသက်ပန်ဖြစ်သွားပါပြီ။ ၀င်ချင်ရင် ပထမနည်းအတိုင်းလုပ်ပါ။ :D


256447 မှာ REGISTER ဟုပို့လိုက်ပါ။ Capital စာလုံးအကြီးဖြင့်သာ ရိုက်ရပါမယ်ဗျာ။
Blogger က သင့်ကို Claim code နဲ့ mobile blogger address ပါပို့လိမ့်မယ်။
http://www.blogger.com/mobile-start.g ကိုဝင်ပြီး သင့်ကို Blogger မှပို့လိုက်သော Claim code ကို Claim token ပေါ်တွင်ဖြည့်ပါ။ အဆင်ပြေပါပြီ။
Blogger ဆီမှ SMS မ၀င်စေချင်ရင် STOP ဟုရေးပြီးပို့လိုက်ပါ။ Capital စာလုံးအကြီးဖြင့်သာ ရိုက်ရပါမယ်ဗျာ။ ဒါဆိုရင်သူ့ဆီက အရှုပ်အထုတ်တွေမ၀င်တော့ပါဘူး။
မချိတ်စေချင်ရင် SMS ပေါ်မှာ UNREGISTER လို့ရိုက်ထည့်ပြီးပို့လိုက်ပါ။ Capital စာလုံးအကြီးဖြင့်သာ ရိုက်ရပါမယ်ဗျာ။ ဒါဆိုရင်ပြုတ်သွားပါပြီ၊ ရာသက်ပန်ဖြစ်သွားပါပြီ။ ၀င်ချင်ရင် ပထမနည်းအတိုင်းလုပ်ပါ။ :D




http://itunes.apple.com/us/app/blogger/id459407288 မှာကလစ်ပါ။ မဖြစ်နိုင်တာမရှိပါဘူး။ iOS မှာတောင်ရှိပြီဆိုတော့ သင် try ကြည့်ပါ။ အောက်က QR Code ပါ။ သင့်ရဲ့ ဖုန်းနဲ့ scan လုပ်ပြီး Download ဆွဲပါ။ ပိုစ့်လည်းရေးလို့ရပါပြီ။ ပုံတွေလည်းထည့်လို့ရပါတယ်။


https://play.google.com/store/apps/details?id=com.google.android.apps.blogger ကိုသွားပြီး Android ဖုန်းပေါ်တွင် ဒေါင်းလုတ်ဆွဲနိုင်ပါတယ်။ Google Play ကနေဒေါင်းလို့ရပါတယ်။
(Using with Google Play & Scan here)

1Mobile Market ကနေယူမယ်ဆိုရင် http://www.1mobile.com/blogger-94741.html မှာယူပါ။ 1Mobile Market ကလူအသုံးများပါတယ်။

(Using with 1Mobile Market & Scan here)



http://store.ovi.com/content/266320 တွင်ယူလို့ရပါတယ်။ Blogger ရော WordPress အပါအ၀င်ပါ။ ကျွန်တော်ကတော့ Nokia ဖုန်းမရှိလို့မစမ်းသပ်ရသေးပါဘူး။

Editor's desk ►
MMS နဲ့ SMS တို့ကနည်းလမ်းဟောင်းဖြစ်ပါတယ်။ သိပ်လည်းအလုပ်မလုပ်ပါဘူး။ iOS နှင့် Android မှာသုံးလျှင် ပိုမိုကောင်းပါတယ်။ Nokia နဲ့ မလုပ်ပါနဲ့။ နှေးတယ်လို့ပြောသံကြားလို့ပါ။
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com www.ledimyethar.com www.ninilayy.com

0 comments:

Virtual Box ကိုအသုံးပြုပြီး .iso File အားမူလ Windows ပေါ်တွင် တင်သုံးခြင်း EBook ( မြန်မာလို )




.iso File များကို Windows ပေါ်မှာတင်သုံးချင်သူများအတွက် စာအုပ်လေးဖြစ်ပါတယ်..တောင်းဆိုထားတဲ့အစ်
ကိုအတွက် PDF စာအုပ်လေး တင်ပေးလိုက်ပါပြီ အဆင်ပြေပါစေခင်မျာ

Download=>Link1 / Link2

                                              မူရင်း  လင့ိကိုလေ့လာနိုင်ပါတယ်..

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

0 comments:

ဥပဒေစာအုပ်များပေါင်းချုပ်


 

ဥပဒေစာအုပ်တွေကို သည်လို တနေရာတည်းပေါင်းစုပြီး မျှဝေလိုက်ပါတယ်... လိုခင်ြသူများလည်းအဆင်ပြေစေဖို့ အတွက်.. ရှာဖွေစုဆောင်းပြီး  ပြန်လည်မျှဝေခြင်းပါ.. ဘလော့ကာ မိတ်ဆွေ  မောင်ပေါက်  ဆီကနေ  သူတင်သမျှ ပြန်လည် စုဆောင်းထားပြီး ခုလို အများအတွက် တဖန်မျှဝေ
လိုက်ရခြင်းဖြစ်ပါတယ်...အဆင်ပြေကြပါစေ...

  *********************************************************

 

ကဲ ဥပဒေစာအုပ်များကို  လေ့လာ မှတ်သားလိုသော မိတ်ဆွေအပေါင်း  အောက်မှာ ဒေါင်းယူပြီး လေ့လာနိုင်ပါတယ်....
Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အနည်းဆုံး
Download Link ကို 2 ခု တင်ပေးထားပါတယ်.. တစ်ခုနဲ့မရရင် တစ်ခုနဲ့ ဒေါင်းပါ.. အဆင်ပြေပါစေ.. 
ဘလော့ခရီးသည်

Download Via Solidfiles

Download Via Mediafire

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

 Download Via Solidfiles :

Download Via Mediafire :
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Download Via SolidFiles :

Download Via Mediafire :

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Dev-Host Download Links:

 

Solidfiles Download Links:

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Download From Mediafire :

Download From Solidfiles

Download From Solidfiles :

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

0 comments:

ဘလော့မှာ ကာလာကုဒ်ယူရန်ဆိုတာလေး ထည့်ကြမယ်..

 

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့.... ဒါလေးက  ဘလော့အတွက် ကုလာကုဒ်တွေ ယူရန် တင်ပေးထားတဲ့
ကုလာကုဒ်ဇယားလေးတမျိုးဖြစ်ပါတယ်.. အရင် တင်ထားတာ ၂  ခုရှိပါတယ်.. တစ်ခုနဲ့ တစ်ခုကတော့
ပုံသဏ္ဍန်မတူညီကြပါဘူး။။ တမျိုးဆီ လှကြပါတယ်.. ကြိုက်တာ သုံးဆွဲနိုင်ပါတယ်....
အောက်မှာ ယူလိုက်ပါနော်...
ထည့်နည်းကတော့
==========


   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ


 မှတ်ချက်  ။            ။ ကုဒ်ထဲမှာ hight  နဲ့ width ဆိုတာတွေမှာ နံပါတ်တွေပါတယ်..
                             မိမိတို့ဘလော့နဲ့ ကိုက်ညီသလိုပြုပြင်နိုင်ပါတယ်.....

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com
www.ledimyethar.com
www.ninilayy.com

0 comments:

တင်ထားသမျှ မြန်မာ ebook များ စုစည်းမှု့


စာအုပ်အမည် = Window 8 ကိုလေ့လာခြင်း
ရေးသားသူ =  သရ

 ဒါကတော့ window 8 အသုံးပြုနည်း စာအုပ်ဖြစ်ပါတယ်။ window 8 သုံးနေသူများ လေ့လာလို့ရအောင် တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ အဆင်ပြေ မယ်လို့ မျှော်လင့်ပါတယ်။

Direct MirrorDropbox | Download Ebook | Solidfiles
---------------------------------------------------------------------

စာအုပ်အမည် = Complete Network Guide
ရေးသားသူ =  ဦးဇော်လင်း Youth

Network အကြောင်းနှင့် ပါတ်သက်ပြီး ရေးသားထားတဲ့ စာအုပ်တစ်အုပ်ဖြစ် ပါတယ် ။ Direct link ကနေ တင်ပေးထားပါတယ်။

Download Ebook | Dropbox | Direct mirror | Solidfiles
----------------------------------------------------------------------------

စာအုပ်အမည် = A Basic English Grammar Part-1
ရေးသားသူ = ဆရာဦးသိန်းလွင်

အင်္ဂလိပ်သဒ္ဒါ လေ့လာချင်သူများအတွက် ဆရာဦးသိန်းလွင်ရဲ့ အခြေခံ အင်္ဂလိပ်သဒ္ဒါ စာအုပ် နှစ်အုပ်ကို တင်ပေးလိုက်ပါတယ်။

Download Ebook | Dropbox | Directmirror | Solidfiles
----------------------------------------------------------------------------

စာအုပ်အမည် = A Basic English Grammar Part-2
ရေးသားသူ = ဆရာဦးသိန်းလွင်

အင်္ဂလိပ်သဒ္ဒါ လေ့လာချင်သူများအတွက် ဆရာဦးသိန်းလွင်ရဲ့ အခြေခံ အင်္ဂလိပ်သဒ္ဒါ စာအုပ် နှစ်အုပ်ကို တင်ပေးလိုက်ပါတယ်။

Download Ebook | Dropbox| Direct mirror | Solidfiles
-------------------------------------------------------------------------------

စာအုပ်အမည် = Digital ပစ္စည်းလုပ်ဆောင်မှု့နှင့်ပြဿနာဖြေရှင်းခြင်း
ရေးသားသူ = သန်းထိုက် (ရွှေရိပ်)

MP3, MP4, ipot, phone စသည် Digital ပစ္စည်းများအား ကိုင်တွယ် အသုံးပြုနည်း နှင့် ပြဿနာများအား ဖြေရှင်းနည်းများကို ရေးသားထားသည့် စာအုပ် တစ်အုပ် ဖြစ်ပါတယ်။

Download Ebook | Dropbox | Direct mirror | Solidfiles
---------------------------------------------------------------------------------

စာအုပ်အမည် = Adobe Illustrator အဓိကသော့ချက်များ
ရေးသားသူ = မင်းသန့်အောင်

ရုပ်ပုံများ ဖန်တီးရေးဆွဲ ရန်အတွက်ဆိုရင် adobe Illustrator ကို တော်တော်များများ အသုံးပြုကြပါတယ်။ အတော်လေး ကောင်းသလို ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ဖန်တီးရန်အတွက် တော်တော်များများက Illustrator ကိုသုံးကြပါတယ်။ Icon လေးတွေ ဖန်တီးတာကအစပေါ့။ ထားလိုက်ပါ ဒါကတော့ Adobe Illustrator အသုံးပြုနည်းအကြောင်းကို အသေးစိတ်ကျကျ ရေးသားပေးထားတဲ့ စာအုပ်ကလေးပါ။

Download Direct Mirror  | Dropbox | One2up | Solidfiles
---------------------------------------------------------------------------------
စာအုပ်အမည် = Android application ရေးသားဖန်တီးခြင်း ဆိုင်ရာ အခြေခံသဘောတရားများ
ရေးသားသူ = ၀င်းဟိန်း

Android အကြောင်းနှင့် သုံးနည်းတွေကို သိထားသင့်တယ်လို့ ထင်ပါတယ်။ android application များ ရေးသားနည်းကိုလည်း လေ့လာနိုင်ပါတယ် ။ ကဲ Android phone အကြောင်းနှင့် Android အကြောင်း သိချင် သူများအတွက် တင်ပေးလိုက်ပါတယ်။ လေ့လာစေလိုပါတယ်။

Download Direct mirror | Dropbox | One2up | Solidfiles
-----------------------------------------------------------------------------------------
စာအုပ်အမည် = အခြေခံဒီဇိုင်းနှင့် Graphic အနုပညာ
ရေးသားသူ = ဆန်နီညိမ်း

ဂရပ်ဖစ်ဖြင့် အနုပညာမြောက်အောင် ဒီဇိုင်းဆွဲပြီး ပုံဖော်ရသော အလုပ်ကို ၀ါသနာပါသော မည်သူမဆို လေ့လာသင့်ပါသည်။ ယခုစာအုပ်ကို ဖတ်ခြင်းဖြင့် အလင်းအမှောင်၏ သဘောတရား ၊ အနုပညာရသမြောက်သည့် ဂရပ်ဖစ်ပုံရိပ်များအား ဖန်တီးတတ်စေလာနိုင်ရန်အတွက် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဟု ယုံကြည်ပါသည်။

Download Directmirror | Dropbox | one2up  | Solidfiles
-------------------------------------------------------------------------------------------
စာအုပ်အမည် = Autodesk 3DS Max
ရေးသားသူ = Robert Tin Aye

ကဲ 3D သမားများအတွက် Autodesk 3D Max အသုံးပြုနည်း စာအုပ်ကို တင်ပေးလိုက်ပါတယ်။ 2D 3D စိတ်ဝင်စားသူများ ဖတ်ရှု့လေ့လာ နိုင်ပါတယ်။  လိုချင်တဲ့သူများ အောက်မှာ Download လုပ်ယူလိုက်ပါ။ Download လုပ်တဲ့အခါ link တစ်ခုက မရရင် တစ်ခြားတစ်ခုကနေ Download လုပ်ပါ။ အားလုံးကို Download လုပ်ရမှာ မဟုတ်ပါဘူး။ အဲ့ထဲကနေ ကို Download လုပ်ရတာ အဆင်အပြေဆုံး တစ်ခုကို ရွေးပြီး Download လုပ်ပါ။

Download Directmirror | Dropbox | One2up
 | Solidfiles
-------------------------------------------------------------------------------------------
စာအုပ်အမည် = Web Designer's Guide to Adobe Photoshop
ရေးသားသူ  = Chris Tull

Website design လှတယ် မလှဘူး။ သေသပ်တယ် မသေသပ်ဘူး။ အများအမြင်မှာ မျက်စိပသာဒ ရှိတယ် မရှိဘူးဆိုတာဟာ Web Designer သမားရဲ့ Photoshop ကျွမ်းကျင်မှု့အပေါ်မှာ အများကြီး မူတည်ပါတယ်။ ၀ဘ်ဆိုက်တစ်ခု လုပ်ရာတွင် ကိုယ့်စိတ်ကြိုက်ထက် လုပ်ခိုင်းတဲ့သူ စိတ်ကြိုက် ဒီဇိုင်းကို ဆွဲပေးရတာက များတတ်ပါတယ်။ ဆွဲခိုင်းတဲ့ ဒီဇိုင်းပေါ်မှာ မူတည်ပြီး ကိုက စဉ်းစားပြီး ဒီဇိုင်းဆွဲပေးရမှာ ဖြစ်ပါတယ်။ ကဲလိုချင်ရင် Download ပေါ့ဗျာ။
 | Solidfiles
-------------------------------------------------------------------------
စာအုပ်အမည် = Virtual DJ Pro 7
ရေးသားသူ  = ၀င်းဟိန်း

DJ သမားများအတွက် ကိုဝင်းဟိန်းရေးထားတဲ့ virtual dj pro 7 ပါ။ software ကိုတော့ ကျနော် အရင်က တင်ပေးထားပြီးပြီ ထင်ပါတယ်။ တကယ်လို့ မတင်ထားရသေးဘူး ဆိုရင်လည်း မနက်ဖြန်ကျရင် တင်ပေးပါ့မယ်။ အားလုံးပဲ အဆင်ပြေကြလိမ့်မယ် လို့လည်း မျှော်လင့်ပါတယ်။ အဆင်ပြေတဲ့ link ကနေသာ Download လုပ်ကြဗျာ။
 | Solidfiles
------------------------------------------------------------------------
စာအုပ်အမည် =Android ပေါ်မှ လက်တွေ့သုံး နည်းပညာ
ရေးသားသူ  = သန်းထိုက်(ရွှေရိပ်)

ကဲ ခုခေတ်ကတော့ android ခေတ်လို့ ပြောလို့ရပါတယ်။ ကလေးကအစ Android ဆိုတဲ့ နာမည်ကို သိနေကြတာ။ ဘာမှန်းလဲသာ မသိတာ။ အဲ့တော့ အားလုံးလဲ Android အကြောင်းနှင့် သုံးနည်းတွေကို သိထားသင့်တယ်လို့ ထင်ပါတယ်။ ကဲ Android phone အကြောင်းနှင့် Android အကြောင်း သိချင် သူများ အောက်မှာ Download လုပ်လိုက်ပါ။
----------------------------------------------------------------
စာအုပ်အမည် = Mobile ကွန်ယက်နည်းပညာ
ရေးသားသူ  = သန်းထိုက်(ရွှေရိပ်)

ဖုန်းကိုင်တဲ့သူတွေအားလုံး ကိုကိုင်တဲ့ ဖုန်းတွေအကြောင်းကိုတော့ သိထားသင့် တာပေါ့။ မဟုတ်ဘူးလား ပြီးတော့ အဲ့ဒီ့ဟန်းဖုန်းတွေရဲ့ လုပ်ဆောင်ချက်တွေ ကိုလည်း သိထားသင့်တာပေါ့။ ကဲ ဖုန်းနဲ့ပတ်သက်တာတွေကို သိချင်တဲ့သူများ ဒီစာအုပ်လေးကို အောက်မှာ ကြိုက်တဲ့ link ကနေ Download လုပ်လိုက်ကြပါ။

Download Directmirror | Dropbox | One2up
 | Solidfiles
-----------------------------------------------------------------
စာအုပ်အမည် = Facebook safety Guide
ရေးသားသူ  = မင်းသန့်အောင်

ဒီစာအုပ်ကတော့ Facebook အကြောင်းချည်းပဲ သီးသန့် ရေးထား တာ ဖြစ်ပါတယ်။ အားလုံးပဲ စိတ်ဝင်စားကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီစာအုပ်ကို တောင်းထားတဲ့သူတွေလည်း အရမ်းများပါတယ်။ ကိုကီးကီး တင်ထားပေးတဲ့ စာအုပ်ကို share ပေးလိုက်ပါတယ်။ လိုချင်တဲ့ သူများ အောက်က အဆင်ပြေတဲ့ link ကနေသာ Download လုပ်ကြပါ။

Download Directmirror | Dropbox | One2up | Solidfiles
--------------------------------------------------------------------
စာအုပ်အမည် = Using Facebook
ရေးသားသူ  = Zaw Lin Youth

ဒါကတော့ ဦးဇော်လင်း ရေးသားထားတဲ့ စာအုပ်ပါ။ အထဲမှာ Email & internet အသုံးပြုနည်းအကြောင်း၊ FTP နှင့် hosting server များအကြောင်း၊ အင်တာနက် Tools များအကြောင်းနှင့် Facebook အသုံးပြုနည်းအကြောင်း များပါဝင်ပါတယ်။ လူတိုင်းတော့ facebook သုံးကြလိမ့်မယ်လို့ ထင်ပါတယ်။

Download Directmirror | Dropbox | One2up | Solidfiles
----------------------------------------------------------------------
စာအုပ်အမည် =Skype အသုံးပြုနည်း
ရေးသားသူ  = စုကြည်ထွေး

စုကြည်ထွေး ရေးထားတဲ့ Skype အသုံးပြုနည်း လမ်းညွှန်စာအုပ်ပါ။ Skype သမားများအတွက် တင်ပေးလိုက် ပါတယ်။ အရင်တခါကလည်း ဘယ်သူလည်း မသိဘူး တောင်းထားပါတယ်။ လိုချင်သည့်သူများ အောက်မှာ Download လုပ်လိုက်ပါ။ File တွေက ခဏခဏ link သေလို့ ၄ နေရာကနေ တင်ပေးလိုက် ပါတယ်။ အဆင်ပြေတဲ့ link ကနေသာ Download ဆွဲပါ။

Download Directmirror | Dropbox | One2up | Solidfiles
------------------------------------------------------------------------
စာအုပ်အမည် = လွယ်ကူလေ့လာ PC ကွန်ပျူတာ Management
ရေးသားသူ  = မျိုးသူရ

ဒီစာအုပ်ကလေးကတော့ ကိုမျိုးသူရ ရေးတဲ့ PC ကွန်ပျူတာ Management ဆိုတဲ့ စာအုပ်ကလေးပါ။ ဒီစာအုပ်ထဲမှာ ကွန်ပျူတာ တစ်လုံးကို ဘယ်လိုမျိုး ပြုပြင် ထိန်းသိမ်းရမယ်ဆိုတာကို ရေးသားဖော်ပြထားပြီး software တော်တော်များများကို ဘယ် software ကို ဘယ်လို အသုံးပြု ရမည် ဆိုတာကို software တော်တော်များများကို ဥပမာထားကာ သေချာ ရှင်းပြထားပါတယ်။ အဲ့ဒီ့ software တော်တော်များများသည် ကွန်ပျူတာတစ်လုံး အတွက် မသိမဖြစ် သိထားသင့်သည့် software များဖြစ်ပါတယ်။ လိုချင်သည့် သူများ အောက်မှာ Download လုပ်လိုက်ပါ။

Download Directmirror | Dropbox | One2up | Solidfiles
---------------------------------------------------------------
စာအုပ်အမည် =Photoshop CS4
ရေးသားသူ  = မျိုးဆက်

Photoshop အသုံးပြုနည်းများကို အသေးစိတ်ကျကျ ရှင်းပြထားပါတယ်။ Tools တွေရော အရောင်ရွေးချယ်ပုံ ရွေးချယ်နည်းတွေကိုပါ ထည့်သွင်း ရေးထားပေးပါတယ်။ Photoshop သုံးတတ်ချင်သူတိုင်း ဒီစာအုပ်လေးကို လေ့လာထားသင့်ပါတယ်။

Download Directmirror | Dropbox | One2up | Solidfiles




                                 ကိုညီနေမင်းဆိုဒ်မှ  ကူးယူမျှဝေပေးလိုက်ပါတယ်..


အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

0 comments: